ထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်

ထားဝယ် ဇူလိုင် ၂

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ အပတ်စဉ် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ထားဝယ်တပ်နယ်မှ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပညာရေးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ဆေးရုံကြီးဝင်း အတွင်း လမ်းဘေးဝဲယာ သန့်ရှင်းလှပ‌စေရေးအတွက် အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များအား မြက်ဖြတ်စက်ဖြင့် ရှင်းလင်း ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများအား ရှင်းလင်းပေးခြင်း၊ အမှိုက်များကို အမှိုက်ကားဖြင့် သယ်ယူစွန့်ပစ်ပေးခြင်း  စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ရွှေပင်လယ်(ထားဝယ်)