ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်း

ငါးသိုင်းချောင်း ဇူလိုင် ၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ပေါ်ရှိ မြို့သစ်ရပ်ကွက် အ-မ-က၊ ဆိတ်ချေးကုန်း၊ အ-မ-က မြက်တို၊ အ-လ-က(ခွဲ)မြို့သစ်နှင့် အောင်ဆန်းရပ်ကွက် အ-မ-က၊ မြို့သစ်ကုန်းကျောင်းများ၌ ယနေ့ နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

‌ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်သန့်ရှင်းသာယာလှပရေးနှင့် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)