လေးမျက်နှာမြို့နယ်၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်း ကွင်းသရုပ်ပြ

လေးမျက်နှာ       ဇူလိုင်      

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု၊ စာရေးကွင်းကျေးရွာ၊ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူ ဦးဌေးအောင်၏ လယ်မြေတွင် ဇူလိုင် ၂ ရက် နံနက်ပိုင်းက စိုက်ပျိူးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ၂၀၂၂ ခုနှစ် မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ဟင်္သာတခရိုင် စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးအရာရှိ ဦးစောအယ်ရွန်အယ်သော်သွီက ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးကြသည်။ လေးမျက်နှာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် မိုးစပါး ၅၂၆၄၂ ဧက လျာထားစိုက်ပျိူးလျက်ရှိပြီး မြို့နယ်စိုက်ပျိူးရေး ဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)