ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ယင်းမာပင်        ဇူလိုင်        

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မုံရွာ - ယာကြီး - ကလေး လမ်းဘေးရှိ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ရက်  နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။

 

ရှေးဦးစွာ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ(ကိုယ်စား) ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက သစ်ပင်များ စိုက်ပျိုးနိုင်ရန် သပြေဘူတပျိုးပင်ကို ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ် ဒေါက်တာစိုးစိုးခိုင်ထံ လည်းကောင်း၊  ခရိုင်သစ်တော ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းက ကျွန်းပျိုးပင်ကို ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဒုတိယပါမောက္ခချုပ် ဒေါက်တာနှင်းနှင်းအေးထံ လည်းကောင်း၊ ယင်းမာပင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ(ကိုယ်စား) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ခရေပျိုးပင်ကို ဒေသခံပြည်သူတစ်ဦးထံ လည်းကောင်းပေးအပ်သည်။

 

ထိုနောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်သူများ၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများက သပြေဘူတပင်၊ ကျွန်းပင်၊ ခရေပင်၊ တမာပင်၊ မယ်ဇလီပင်၊ စိန်ပန်းပင်၊ ကုက္ကိုပင်နှင့် သစ်ဖြူပင် စသည့် စုစုပေါင်း ပျိုးပင် ၃၀၀ ကို သတ်မှတ်နေရာ အသီးသီးတွင် စုပေါင်းစိုက်ပျိုး ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)