ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂ ရက်၊ နံနက် ၁၀ နာရီခွဲထုတ်ပြန်ချက်

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် အနေဖြင့်  ယနေ့မွန်းတည့်မှ နောက်(၂၄) နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ အမြင်တာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်ရှိနိုင်သည်။ ရေပြင်လေသည် တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀- ၁၅) မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင် တိုက်ခတ်နိုင်သည်။ လှိုင်းကြီးနိုင်သည်။ လှိုင်းအမြင့်မှာ (၈) ပေမှ (၁၀) ပေခန့် ရှိနိုင်သည်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်း တစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်အနေဖြင့် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍မိုးကြီးနိုင်သည်။ အမြင်တာမှာ (၃) မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်ရှိနိုင်သည်။ ရေပြင်လေသည် တောင် (သို့)အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀) မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင် တိုက်ခတ်နိုင်သည်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၆)ပေမှ (၈)ပေခန့် ရှိနိုင်သည်။

 

Credit> မိုးဇလ