နီပေါနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပသွားမည်

ခတ္တမန္ဒူ   သြဂုတ်   ၅ 

နီပေါနိုင်ငံတွင်      အထွေထွေ ရွေးကောက်ပွဲများကို  နိုဝင်ဘာ ၂၀   ရက်တွင်  ကျင်းပသွားမည် ဖြစ်ကြောင်း အစိုးရက သြဂုတ် ၄ ရက်က ပြောကြားလိုက်သည်။ 

ရွေးကောက်ပွဲ   ကော်မရှင်၏ အကြံပြုချက်နှင့်       ပတ်သက်ပြီး အစိုးရအဖွဲ့      အစည်းအဝေးက ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ 

အစိုးရအဖွဲ့သည်     အောက် လွှတ်တော်နှင့်        ပြည်နယ် လွှတ်တော်များအတွက် နိုဝင်ဘာ ၂၀  ရက်တွင် ရွေးကောက်ပွဲများ ကျင်းပရန်    ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း       ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဂျာနန်ဒရာ ဘာဟာဒါကာ ကီက မီဒီယာများကို ပြောကြားခဲ့ သည်။ 

အောက်လွှတ်တော်နှင့် နိုင်ငံ ၏        ပြည်နယ်ခုနစ်၏     ယခင် ရွေးကောက်ပွဲများကို     နိုဝင်ဘာ ၂၆ ရက်နှင့် ဒီဇင်ဘာ ၇  ရက်တို့ တွင် အဆင့်နှစ်ဆင့်ဖြင့် ကျင်းပခဲ့ သည်။ 

ပါတီငါးခုပါ အာဏရမဟာမိတ် အဖွဲ့၏  သြဂုတ် ၃ ရက်  အစည်း အဝေးက         ဆန္ဒခံယူပွဲများကို နိုဝင်ဘာ   ၂၀   ရက်တွင်   အဆင့် တစ်ဆင့်တည်းဖြင့်      ကျင်းပရန် သဘောတူခဲ့သည်။ 

ဆင်ဟွာ