အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော်  ဩဂုတ် ၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က ကွန်ပျူတာ ဘာသာ ရပ်သည် Electronic Device ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့် ပညာရပ်တစ်ခုဖြစ်ပြီး Communicationစနစ်အတွက်အရေးပါသည့်အချက်ဖြစ်ကြောင်း၊ Computer နည်းပညာကို လက်တွေ့ ရုံးလုပ်ငန်းများတွင် အသုံးချနိုင်ရန်နှင့် Update ဖြစ်စေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် က ပထမဆု၊ ဒုတိယဆုများ ရရှိကြသူများကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် သင်တန်းသား (၂၄) ဦးကိုယ်စား သင်တန်းသားတစ်ဦးကို  သင်တန်း ဆင်းလက်မှတ်များပေးအပ်ကာ  အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။ 

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်