ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး ရန်ကုန်မြို့တော်ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် သြဂုတ် ၅


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင်  ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တောစည်ပင်သာယာ ရဲတပ်ဖွဲ့လိုင်းအတွင်း ရွေ့လျားဈေးကားစနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုနှင့် လိုင်းခန်းအတွင်းရှိ တပ်တွင်း ဆံသဆိုင်၊ ဆေးပေးခန်းနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအာ လိုအပ်သည်များမှာကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်သူများလွယ်လင့်တကူ ဈေးဝယ်နိုင်ရန် ယနေ့တွင် အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ပြည်သာယာ အိမ်ရာနှင့် ရွှေအုန်းပင်အိမ်ရာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဗိုလ်ဗထူးအိမ်ရာနှင့် ဗိုလ်မင်းရောင အိမ်ရာများတွင်လည်း ရွေ့လျားဈေးကား စနစ်ဖြင့် ဈေးရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့တော်ဝန်သည် လှိုင်မြို့နယ်၊ ၁၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်း အရှေ့ဘက်ခြမ်း အုတ်ကျင်းဘူတာရုံလမ်းနှင့် ပိတောက်ချောင်းအကြား အုတ်ရေမြောင်း တည်ဆောက်နေမှုနှင့် ပိတောက်ချောင်း မြေထိန်းနံရံ တည်ဆောက်ထားရှိမှု၊ သီရိမင်္ဂလာ ဈေးအဝင် ကုန်တင်ယာဉ် ရပ်နားရာနေရာကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်