ကန့်ဘလူမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ ကျပ် ၂၁၉၄ သိန်းကျော် ထုတ်ချေးပြီးဖြစ်

ကန့်ဘလူ ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်ခွဲမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို မေလလယ်မှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေပေါင်း ကျပ် ၂၁၉၄ သိန်းကျော် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း ခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်စန်းစန်းအေးထံမှ သိရသည်။

ထုတ်ချေးပေးရာတွင် ယခင်နှစ်မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများ ပြေကျေစွာ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးခဲ့ခြင်းဖြစ်ရာ မေလလယ်မှ ယနေ့အထိ ရပ်ကွက်၊ ကျေးရွာ အုပ်စု ရှစ်အုပ်စုမှ ဒေသခံတောင်သူ ၄၅၁ ဦး၏ မိုးစပါးစိုက်ဧက ၁၄၆၃ အတွက် ချေးငွေကျပ် ၂၁၉၄၅၀၀၀၀ ကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံများအတွက် တစ်ဧကလျှင် ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး တောင်သူတစ်ဦးလျှင် တစ်ဧက ကျပ် ၁၅၀၀၀၀ ထုတ်ချေးပေး၍ အများဆုံး လယ် ၁၀ ဧကအထိ ထုတ်ချေးပေးကာ အတိုးနှုန်းမှာမူ ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့်ကျေးရွာများမှ ဒေသခံတောင်သူများကိုလည်း ချေးငွေပြေကျေစွာ ပေးဆပ်မှုအပေါ် မူတည်ပြီး ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း ခရိုင်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ၏ ပြောပြချက်အရ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)