ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပ

ဘားအံ ဩဂုတ် ၅

၂၀၂၂ ခုနှစ် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဩဂုတ် ၄ ရက်က ဘားအံမြို့၊ အောင်သံလွင် အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ အဆိုပါပြိုင်ပွဲကို ဩဂုတ် ၄ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာန ဘောလုံးအသင်း ခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)