မြန်အောင်မြို့နယ်၊ ကနောင်မြို့၌ ရေတွင်းကုန်းဘုန်းတော်ကြီးကျောင်း မီးလောင်

မြန်အောင်   သြဂုတ်     ၆

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ရေတွင်းကုန်းကျေးရွာ ရေတွင်းကုန်း ဘုန်းတော်ကြီးကျောင်း နှစ်ထပ်ကျောင်းဆောင်သည် ဩဂုတ် ၆ ရက် နံနက် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ မီးလောင်မှုမှာ အလျား ပေ ၈၀၊ အနံ ပေ ၅၀ သွပ်မိုး၊ ပျဉ်ကာ နှစ်ထပ်ကျောင်းဆောင်အတွင်း ရေတင်သည့် မော်တာ အပူလွန်ကဲရာမှ အနီးရှိ မီးစက်နှင့် ပလတ်စတစ်ထိုင်ခုံများသို့ မီးကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ကျောင်းဆောင်တွင် သီတင်းသုံးတော်မူသည့် အရှင်ပညာဘိဝေ (၁၃)နှစ်(ကွယ်လွန်)၊ အရှင်ဇဝန (၁၁)နှစ်(ကွယ်လွန်)၊ မောင်ကျော်ကျော် (၁၇)နှစ် (သေဆုံး)၊ မောင်မိုးသက်နိုင် ()နှစ် (ပျောက်ဆုံး) လျက်ရှိကြောင်း သိရသည်။

 

မီးလောင်မှု ဖြစ်ပွားရာသို့ ကနောင်နယ်မြေ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကနောင်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဒေသခံကျေးရွာ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုနှင့် လူသေဆုံးမှုများကြောင့် ရေတွင်းကုန်းကျောင်း ဆရာတော် ဦးသုစိတ္တအား ကနောင်နယ်မြေရဲစခန်းမှ ပုဒ်မ ၂၈၅/၃၀၄-က၊ () ၃၁/၂၀၂၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး နှစ်ထပ်ကျောင်ဆောင် မီးလောင်မှုကြောင့်  ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၃၀ ခန့်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)