မင်းဘူးမြို့နယ် အလံပါယ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

မင်းဘူး ဩဂုတ် ၆      

 
မကွေးတိုင်းဒေကြီး မင်းဘူးမြို့နယ် အလံပါယ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ် နေမှုအခြေ အနေများကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်၊ထွက်ကုန်များ ရာသီမရွေးဈေးကွက်သို့ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်

        
ထိုသို့စစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုနှင့် ခရိုင်/မြို့နယ် တာဝန်ခံအင်ဂျင်နီယာများက အလံပါယ်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို စစ်ဆေး ခဲ့ပြီး တာဝန်ယူဆောင်ရွက်သော အောင်ဇေကုမ္ပဏီ၊ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြမှုအပေါ် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက   သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။   

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ ကိုးလက်မရှိပြီး မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ဇွန် ၁၁ ရက်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၅ ရက်နေ့အထိ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

     
အဆိုပါ ကုန်ထုတ်လမ်းပြီးစီးပါက စိုက်ပျိုးဧက ၈၅၅ ဧက၊ အိမ်ခြေ ၃၇၂ အိမ်၊ အကျိုးပြု လူဦးရေ ၁၃၃၆ ဦးအား အကျိုးပြုသွားမည်ဖြစ်ကြောင်း  မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်။  

ဇင်မာ(ကျေး/လက်)