တန့်ယန်းမြို့နယ် နားဟွေကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၇၅ ရာခိုင်နှုန်းပြီးစီး

တန့်ယန်း ဩဂုတ် ၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာ ပြည်သူထည့်ဝင်ငွေတို့ဖြင့် နမ့်ဟူးလွယ်ကာကျေးရွာအုပ်စု၊ နားဟွေကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ကို ဇူလိုင်လစတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

နားဟွေကျေးရွာသည် ယခင်က ရွာတွင်းလမ်းများမှာ မိုးရာသီရောက်တိုင်း ရွှံ့စေးများကြောင့် သွားလာရေး ခက်ခဲခဲ့ကြောင်း၊ ယခုအခါ  ကျေးရွာတွင်းလမ်း အရှည် ၇၈၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ၊ ကျေးရွာနေပြည်သူများ ထည့်ဝင်ငွေကျပ် ၅၇ သိန်း စုစုပေါင်းငွေကျပ် ၁၅၇ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းတစ်ခုလုံး၏ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းထံမှ သိရသည်။

 

 

တန့်ယန်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် နားဟွေကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ရွာ၌ ကျေးရွာအဝင်နှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁၂ ခု၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း နှစ်ခု၊ ရေကာတာတည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းလုပ်ငန်း ၅ ခု စုစုပေါင်း ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း ၂၀ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နီလာ(ကျေး/လက်)