မြင်းခြံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မြင်းခြံ ဩဂုတ် ၆

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၇ နာရီ က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမှတ်(၁၅) ခြေမြန် တပ်ရင်းမှ တပ်မတော်သားများ၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ ခြုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။

 

မြင်းခြံမြို့အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို လစဉ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)