တိုင်းဒေသကြီးအဆင့် ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ)ကျင်းပ

ညောင်တုန်း      ဩဂုတ်      ၆

 

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့် ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းတို့ ပူး‌ပေါင်း၍ တိုင်းဒေသကြီးအဆင့် ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ)ကို ဩဂုတ် ၆ ရက် နံနက်ပိုင်းက ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် ဧည့်ခံကြိုဆိုပြီး  တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းခယ်က မင်္ဂလာဖားစည် ကိုးချက်တီးကာ အခမ်းအနားကို ဖွင့်လှစ်သည်။

ဆက်လက်၍ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ထို့နောက် ကရင်တိုင်းရင်းသားများကိုယ်စား တိုင်းဒေသကြီး ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ မန်းသိန်းကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် ပန်းတနော်မြို့နယ် ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး မန်းအောင်ကိုလတ်က ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြား၍ ချည်ဖြူဖွဲ့မင်္ဂလာကို ကျင်းပခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)