ကျောက်မဲမြို့ နမ့်စောင်းငေါင်းချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး စုပေါင်းသန့်ရှင်း ရေးပြုလုပ်

ကျောက်မဲ ဩဂုတ် ၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့အား ဖြတ်စီးဆင်းနေသည့် နမ့်စောင်းငေါင်းချောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲမှ နံနက် ၁၀ နာရီအထိ တပ်မတော်သားများ၊  ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကျောက်မဲတပ်နယ်ရှိ အရာရှိ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာ‌ရေး ဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် ဒေသခံပြည်သူ စုစုပေါင်းအင်အား ၂၀၀ ဦးခန့်က နမ့်စောင်းငေါင်း ချောင်းတစ်လျှောက် ရှိ အမှိုက်သရိုက်များ၊ မြက်ပင်များရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စက်ယန္တယားများဖြင့် နုန်းများ၊ သဲများဆယ်ယူခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)