မော်လမြိုင်မြို့နယ်တွင် စားအုန်းဆီ တစ်ပိဿာ ၄၄၀၀ ကျပ်ဖြင့် ရောင်းချပေး

မော်လမြိုင်        ဩဂုတ်        ၆ 

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မွန်ပြည်နယ် ဆီလုပ်ငန်းရှင်ကြီးများအသင်း၏ အစီအစဉ်ဖြင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်၍ စားသုံးသူ ပြည်သူများ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာ  ရည်ညွှန်းဈေး ၄၄၀၀ ကျပ်ဖြင့် ဩဂုတ် ၆ ရက် နံနက်ပိုင်းက မြိုင်သာယာ ဈေးတွင် Mobile စနစ်ဖြင့် လှည့်လည် ရောင်းချပေးခဲ့သည်။

 

အဆိုပါ ရည်ညွှန်းဈေး ၄၄၀၀ကျပ်ဖြင့် စားအုန်းဆီရောင်းချပေးရာတွင် လူတစ်ဦးလျှင် ဆီ တစ်ပိဿာနှုန်း ရောင်းချပေးခြင်းဖြစ်ပြီး ပြည်သူများအတွက် စုစုပေါင်း ဆီပိဿာ၆၆၀ ကို အမှတ်(၁)ဈေး၊ မောင်ငံဈေး၊ စာရေးကြီးကုန်းဈေးတို့တွင်လည်း ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာ၀န်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)