(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

မုံရွာမြို့တွင် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၆ ရက် နံနက် ၉ နာရီက မုံရွာမြို့၊ မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ပြီး ပြိုင်ပွဲအမျိုးအစားအလိုက်၊ ပြိုင်ပွဲအဆင့်လိုက် ပွဲစဉ်ပေါင်း (၂၃)ခုတွင် ပြိုင်ပွဲဝင်ပေါင်း (၅၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုရရှိကြသူများကို ဩဂုတ် ၇ ရက် ညနေပိုင်းတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (ပြန်/ဆက်)
ဩဂုတ် ၇