ယူကရိန်းနိုင်ငံမှ ပြောင်းဆန်များတင်ဆောင်လာသော ကုန်တင်သ‌င်္ဘော တူရကီနိုင်ငံ အနောက်ပိုင်း ဆိပ်ကမ်းသို့ ပထမဆုံးဆိုက်ကပ်

 

အန်ကာရာ သြဂုတ် ၈

 

တူရကီနှင့် ကုလသမဂ္ဂတို့ လွန်ခဲ့သောလက ကြားဝင်စေ့စပ်ပေးခဲ့သည့် သဘောတူညီချက်ပြီးနောက် ယူကရိန်းနိုင်ငံမှ ပြောင်းဆန်များ တင်ဆောင်လာသော သင်္ဘောတစ်စင်းသည် တူရကီနိုင်ငံ အနောက်ပိုင်း ဆိပ်ကမ်းသို့ ပထမဆုံး ဆိုက်ကပ်ရောက်ရှိလာခဲ့သည်။

 

တူရကီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ဗာဆိုင်းဘော့နာက အဆိုပါ ကုန်တင်သင်္ဘောသည် ပြောင်းဆန် တန် ၁၂၀၀၀ တင်ဆောင်ခဲ့ပြီး တူရကီနိုင်ငံကိုကဲလီ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက် ရှိခဲ့ကြောင်း သြဂုတ် ၇ ရက်က ကြေညာခဲ့သည်။

 

ရုရှားတပ်ဖွဲ့ဝင်များ ပင်လယ်နက်သို့ မျက်နှာမူထားသည့် ဆိပ်ကမ်းများကို ပိတ်ဆို့ပြီးနောက် ယူကရိန်းနိုင်ငံမှ လယ်ယာထွက်ကုန်တင်ပို့ခြင်းများ ကမောက်ကမ ဖြစ်ခဲ့သည်။

 

သြဂုတ် ၁ ရက်ကတည်းက ယူကရိန်းနိုင်ငံမှ စုစုပေါင်း ကုန်တင်သင်္ဘော ၁၀ စင်းထွက်ခွာလာခဲ့သည်။ ယူကရိန်းလယ်ယာ ထွက်ကုန်တင်ပို့ခြင်းများ မကြာမီ အရှိန်အဟုန်မပျက် ပြန်လည် စီးဆင်းလာမည်လား ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။

 

ယူကရိန်းမှ ထွက်ခွာလာသော ပထမဆုံးသင်္ဘောသည် ၎င်း၏ ခရီးဆုံးပန်းတိုင်ဖြစ်သည့် လက်ဘနွန်သို့ မရောက်ရှိသေးကြောင်း သိရသည်။ ဆိပ်ကမ်းသို့ ဝင်ရောက်တော့မည် မည်သည့်သတိပေးမှုမှ မရရှိသေးကြောင်း လက်ဘနွန်အာဏာပိုင်များက ပြောသည်။

 

အင်န်အိတ်ချ်ကေ