မိတ္ထီလာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

မိတ္ထီလာ ဩဂုတ် ၁၅

 

မိတ္ထီလာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့သော လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၁၄ ရက် ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဇေယျက အမှာစကားပြောကြားရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် လူမှုရေးအသင်းအဖွဲ့များအားလုံးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်နိုင်ရေးအတွက် ဆက်လက်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည့် အသင်းများမှာ တိုင်းဒေသကြီးသို့ လျှောက်လွှာများတင်ပြချိန်တွင် အချိန်မီလျှောက်လွှာများ တင်ပေးသည့် လူမှုရေးအသင်းများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လျှောက်လွှာတင်ပြချိန် နောက်ကျကျန်ခဲ့သည့် လူမှုရေးအသင်းအဖွဲ့များကိုလည်း ဆက်လက်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော လူမှုရေးအသင်းအဖွဲ့များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးက လူမှုရေးအသင်းအဖွဲ့များအား ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များထံသို့ မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်တီမှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)