(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 ဆုပေးပွဲ အခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၁၅

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော် ဂီတပွဲတော် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော် ဂီတပွဲတော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကိုလည်းကောင်း၊ ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်က တတိယဆုရရှိသည့် တောင်ငူခရိုင်ကိုယ်စားပြု ဒေါ်မြမြသက်ကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ဒုတိယဆုရရှိသည့် ပြည်ခရိုင်ကိုယ်စားပြု ဒေါ်မြတ်ကေခိုင်ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမဆုရရှိသည် ပဲခူးခရိုင်ကိုယ်စားပြု ဦးလျှမ်းထက်ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများက ပြိုင်ပွဲဝင်သီချင်းများ၊ စိတ်ကြိုက်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တီးဝိုင်းပညာရှင်များ၊ သီဆိုဖျော်ဖြေခဲ့ကြသည့် အဆိုရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်