ပန်းတနော် သြဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်ကျပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက တောကျောင်းကျေးရွာအုပ်စုမှ အိမ် ၁၅ လုံး ကြိုတင် ပြောင်းရွှေ့ခဲ့ရသည်။
အဆိုပါ မြစ်ကမ်းပါပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသော တောကျောင်းကျေးရွာအုပ်စု နံဂါတ်ရိုး ကျေးရွာမှ အိမ် ၁၄ လုံး၊ ကျောင်းတော်ကလေးကျေးရွာမှ အိမ်တစ်လုံး စုစုပေါင်း အိမ် ၁၅ လုံး၊ အိမ်ထောင်စု ၁၅ စုတို့ကို ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့် ဆွေမျိုးသားချင်း နေအိမ်များ၌ ယာယီပြောင်းရွှေ့ပေးခဲ့ပြီး ကမ်းလွတ်သည့် မြေကွက်လပ်များ၌ အိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)


