ပွင့်ဖြူ      ဩဂုတ်     ၃၀

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျွဲတိကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းများပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၈ ဒသမ ၅၉၅ သန်းဖြင့် လမ်းအရှည်ပေ ၁/၁ ဒသမ ၈၄ မိုင်အား လမ်းအကျယ် ၁၂ ပေ၊ တစ်ပေနှင့် ကိုးလက်မထု မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်းတို့ကို ဇွန် ၆ ရက်မှစတင်၍ တင်ဒါအောင်မြင်သည့် Shwe Group ကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၄၆၅ အိမ်မှ လူဦးရေ ၂၂၅၈ ဦး၏ စိုက်ပျိုးလယ်မြေဧက ၃၅၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)