MNL ပြိုင်ပွဲတွင် မြဝတီအသင်း နိုင်ပွဲပြန်ရ

၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၁) နောက်ဆုံးနေ့ကို စက်တင်ဘာ ၁၅ ရက်က သုဝဏ္ဏကွင်း၌ကျင်းပရာ မြဝတီအသင်းက မဟာယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

့မြဝတီအသင်းသည် ယခုနိုင်ပွဲကြောင့် တတိယနေရာတွံင် ဆက်လက်ရပ်တည်နိုင်သည့်အပြင် ဒုတိယနေရာမှ ရန်ကုန်အသင်းကိုလည်း နှစ်မှတ်အကွာဖြင့် ဖိအားပေးနိုင်ခဲ့သည်။ မဟာယူနိုက်တက်အသင်းမှာမူ ရှုံးပွဲကြုံတွေ့ခဲ့သဖြင့် တန်းဆင်းဇုန်အန္တရယ်ဆက်ရှိနေဆြဲဖစ်သည်။

နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစကတည်းက တိုက်စစ်အားပြုကစားခဲ့သည်။ မဟာယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် ဂိုးသွင်းခွင့်ပိုရခဲ့ပြီး ၂၈ မိနစ်တွင် နိုင်ငံခြားသားတိုက်စစ်မှူး အိုဘိုဒီက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ မြဝတီအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးဖြင့် အရေးနိမ့်သဖြင့် ဒုတိယပိုင်းတွင် ဂိုးပြန်ရရန် တိုက်စစ်ဖွင့်ကစားခဲ့ပြီး နောက်ကျဂိုးများကြောင့် နိုင်ပွဲပြန်ရခဲ့ခြင်းဖြစ်သည်။ ၈၃ မိနစ်တွင် သီဟဇော်က ချေပဂိုးပြန်သွင်းခဲ့ပြီး အနိုင်ဂိုးကို ၉၀+၁ မိနစ်တွင် နိုင်ဇင်ထက်က သွင်းယူခဲ့ခြင်းဖြစ်သည်။ မြဝတီအသင်းသည် မဟာယူနိုက်တက်အသင်းကို နှစ်ကျော့စလုံး အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် (၁၁) အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၂၉ မှတ်ဖြင့် ဆက်လက်ဦးဆောင်လျက်ရှိပြီး ရန်ကုန်အသင်းက ၂၃ မှတ်၊ မြဝတီအသင်းက ၂၁ မှတ်၊ ဧရာဝတီအသင်းက ၂၀ မှတ်၊ ဟံသာဝတီ၊ ရတနာပုံနှင့် အားကာသိပ္ပံအသင်းက ၁၇ မှတ်စီ၊ မဟာယူနိုက်တက်အသင်းက ကိုးမှတ်၊ GFA အသင်းက ခြောက်မှတ်ရထားပြီး ရခိုင်ယူနိုက်တက်အသင်းမှာမူ ၁၁ ပွဲစလုံးအရေးနိမ့်ကာ အမှတ်မရသေးပေ။

သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL