ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၈၇ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၂

 

ဗီယက်နမ်နိုင်ငံငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၈၇ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူအားလုံးသည် ပြည်တွင်းကူးစက်မှုများဖြစ်သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၁၄၆၅၆၉၁ ဦး ရှိလာသည်ဟု သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၃၁၄၆ ဦး ရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရပြီး ဆေးကုသမှုခံယူသဖြင့် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၀၅၈၂၆၈၈ ဦးရှိရာ ရောဂါကူးစက်ခံရသူအားလုံး၏ ၉၂ ရာခိုင်နှုန်းကျော် ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့သည်။

 

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်ဗီဇပြောင်း အိုမီခရွန်မျိုးကွဲ BA.4, BA.5, BA.2.12.1 နှင့် BA.2.74 တို့ကူးစက်မှုဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်းနှင့် ကိုဗစ်ရောဂါကာကွယ်ဆေးစတုတ္ထအကြိမ်မြောက်ထိုးနှံမှုကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို