စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၀၈ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၂

 

စင်ကာပူနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၀၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၈၈၂၃၁၄ ဦးအထိ ရှိကြောင်း ဖော်ပြထားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ပီစီအာစစ်ဆေးမှုဖြင့် ၂၄၃ ဦးစမ်းသပ်တွေ့ရှိခဲ့ပြီး အေအာတီစမ်းသပ် စစ်ဆေးမှုဖြင့် ၂၂၆၅ ဦးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ပီစီအာစစ်ဆေးချက်အရ ၂၂၅ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၈ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ အေအာတီစစ်ဆေးချက်တွသ် ၂၀၉၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၇၂ ဦးသည် ပြည်ပကူးစက်မှုတို့ဖြစ်သည်။

 

နိုင်ငံအတွင်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူဆဲလူနာ ၂၁၇ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၀ ဦးရှိသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူမရှိကြောင်းနှင့် သေဆုံးသူပေါင်း ၁၆၀၉ ဦးရှိကြောင်း ထိုဝန်ကြီးဌာနကပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို