ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဝင်ခွင့်ကန့်သတ်ချက် ကာတာနိုင်ငံချမှတ်

စက်တင်ဘာ ၂၂

 

ကာတာနိုင်ငံတွင် လက်ခံကျင်းပသော ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ချောမောစွာကျင်းပနိုင်ရန်  ခရီးသွားများဝင်ရောက်ခွင့် ကန့်သတ်ချက်ကို ကာတာအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါကန့်သတ်ချက်ကို နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၂၂ ရက်အထိ ချမှတ်ထားမည်ဖြစ်ကြောင်း အစိုးရက ယမန်နေ့က ပြောကြားသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပမည်ဟု သိရသည်။

 

ထိုပြိုင်ပွဲကာလအတွင်း ကာတာနိုင်ငံသားများ၊ နိုင်ငံအတွင်းနေထိုင်သောနိုင်ငံခြားသားများနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များအတွက် လက်မှတ်ရရှိသူများအား ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။ 

 

စီးပွားရေးလုပ်ငန်းဆိုင်ရာ ခရီးသွားများနှင့် ကမ္ဘာလှည့် ခရီးသွားများအား ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

 

၎င်းပြိုင်ပွဲကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန်နှင့် နေရာထိုင်ခင်းလုံလောက်မှုရှိစေရန်တို့အတွက် အစိုးရတာဝန်ရှိသူများက ယခုကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်လာခြင်းဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို