စက်တင်ဘာ ၂၃
အယ်ဆာဗေဒိုနိုင်ငံတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များပြိုကျကာ မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် မိသားစုတစ်စုမှ မိသားစုဝင်ငါးဦးအပါအဝင် ခုနစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး အထွေထွေညွှန်ကြားရေးရုံးက ပြောကြားသည်။
အဆိုပါမြေပြိုမှုကြောင့် ဆန်ဆာဗေဒို၏ အလယ်ပိုင်းဒေသ ပန်ချီမယ်လ်ကိုတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဟွန်ဇူကာဒေသတွင် မိသားစုတစ်စုမှ အရွယ်ရောက်သူနှစ်ဦးနှင့် အရွယ်မရောက်သေးသူ သုံးဦးသေဆုံးခဲ့သည်။
တာဝန်ရှိသူတစ်ဦးက ဒေသခံပြည်သူများအား ဘေးကင်းရာသို့ရွှေ့ပြောင်းနေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုမိုးရွာသွန်းမှုများကြောင့် စက်တင်ဘာ ၁ ရက်မှ ၂၁ ရက်အတွင်း မြေပြိုမှုပေါင်း ၁၆၀ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
ယမန်နေ့အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်ချီမယ်လိုဒေသနှင့် ဟွန်ဇူကာဒေသတို့တွင် မြေပြိုမှုများဖြစ်ပွားခြင်းသည် ထိုဒေသတွင် အပူလှိုင်းဖြတ်သန်းသွားမှုနှင့်ဆက်စပ်နေသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို