“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 အုပ်စု(ဂ) ပွဲစဉ်(၅)ကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

နေပြည်တော် ၊ စက်တင်ဘာ ၂၈

 

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲ ပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ်(၁၈)ပွဲဖြင့် စက်တင်ဘာ (၂) ရက်နေ့မှ စတင်ပြီး အပတ်စဉ်သောကြာနေ့ ညတိုင်းကျင်းပလျက်ရှိရာ ဒီဇင်ဘာ (၃၀) ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့် တေးသံရှင်ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာ့အသံ တေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/ တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ် တင်ဆက်သူများအဖြစ် ဆောင်ရွက်ကြမည် ဖြစ်သည် ။

 

ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် (၃) ဦးစီဖြင့် စုစုပေါင်း (၄၅) ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲ၏ အုပ်စု (ဂ) ပွဲစဉ် (၅) ကို စက်တင်ဘာ (၃၀) ရက်နေ့၊ သောကြာနေ့ညတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ရခိုင်ပြည်နယ်မှ လင်းလင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ထူးခန့်၊ ကယားပြည်နယ်မှ မေသူ၊ နေပြည်တော်မှ ကျော်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးမှ ကြည်ဖြူခင်၊ ချင်းပြည်နယ်မှ ဖြိုးမင်းပိုင်၊ ကရင်ပြည်နယ်မှ ချိုသဲဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ နှင်းပွင့်ဖြူနှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင် စုစုပေါင်း ပြိုင်ပွဲဝင် (၉) ဦးတို့၏ ပြဌာန်းတေးသီချင်းများဖြင့် သီဆို ယှဉ်ပြိုင်ကြပုံများကို ယင်းနေ့ ည (၈) နာရီသတင်းများ အပြီးတွင် MRTV – HD မှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို အောက်တိုဘာ(၂)ရက် တနင်္ဂနွေနေ့၊ နံနက် (၁၀) နာရီခန့်တွင် ပြန်လည်ပြသမည် ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်