ဆူဒန်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၂၆ ဦးသေဆုံး

နိုဝင်ဘာ ၂၄

ဆူဒန်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၂၆ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။

ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနအကြီးအကဲ မိုဟာမက်အိုစမန်က ပြည်နယ်ကိုးခုတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုသံသယရှိသူ ၃၄၃၉ ဦး၊ အတည်ပြုလူနာ ၄၆၂ ဦးနှင့် ထိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း ပြောကြားသည်။

နိုင်ငံမြောက်ပိုင်း ကော်ဒိုဖန်၊ အနောက်ပိုင်း ကော်ဒိုဖန်နှင့် မြောက်ပိုင်း ဒါဖာတို့တွင် ထိုရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သည်။

ထိုဝန်ကြီးဌာနက ရောဂါကူးစက်မှုသံသယရှိသူများ၊ ရောဂါဖြစ်ပွားသူများနှင့်ထိတွေ့မှုရှိသူများကို စုံစမ်းစစ်ဆေးမှု၊ နေ့စဉ်စောင့်ကြည်မှုများ လုပ်ဆောင်ခြင်း၊ လိုအပ်သောဆေးဝါးများနှင့်သွေးများထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်ပေးခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။

ဆူဒန်နိုင်ငံတွင် အောက်တိုဘာလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၆၈ ဦးရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို