ကျိုင်းတုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ကျိုင်းတုံ  နိုဝင်ဘာ ၂၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် အမှတ်(၁၈) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ဒုတိယရဲမှူး အောင်ကျော်ဇင် က လူကုန်ကူး/လူမှောင်ခိုအကြောင်း၊ လုံခြုံစိတ်ချရသော ပြောင်းရွှေ့ သွားလာမှုဆိုင်ရာများ၊ လူကုန်ကူးမှုခံရနိုင်သည့် အခြေအနေများနှင့် အခြားမမျှော်မှန်းနိုင်သည့် အန္တရာယ်များ၊ ဥပဒေနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ဒေသခံကျေးရွာနေ တိုင်ရင်းသား ပြည်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် အမှတ်(၁၈) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ) တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)