တာချီလိတ်မြို့၌ အမျိုးသမီးများအား အကြမ်းဖက်ခြင်းနှင့် သက်ငယ်မုဒိမ်းအကြောင်း အသိပညာပေး ဟောပြော 

တာချီလိတ်  နိုဝင်ဘာ ၂၄

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းသူများအား အမျိုးသမီးများအား အကြမ်းဖက်ခြင်းနှင့် သက်ငယ်မုဒိမ်းအကြောင်း အသိပညာဟောပြောခြင်းကို နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီ က အဆိုပါသင်တန်းကျောင်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှိုင်လှိုင်မြင့်က ယဉ်ကျေးမှုဆိုင်ရာအကြောင်းကို လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် သက်ငယ်မှုဒိမ်းအကြောင်းကိုလည်းကောင်း၊ ကျန်းမာရေးဌာနမှ ဒေါ်နန်းယိမ်းဟွမ်းက သားအိမ်ခေါင်းကင်ဆာနှင့် ဒေါ်နန်းဖူးက ရင်သားကင်ဆာအကြောင်းတို့ကို အသိပညာပေးဟောပြောပြီး သင်တန်းသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကာ ကျန်းမာရေး အသိပညာပေး လက်ကမ်းများ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါဟောပြောပွဲကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)