အင်ဒီယာနာဂျုံးစ်ဇာတ်ကောင်အဆုံးသတ်ဖို့ ရုပ်ရှင်သစ်မှာ ဟယ်ရီစင်ဖို့ဒ် ပါဝင်ရိုက်ကူး

 

ကျော်ကြားတဲ့ ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်သူ မင်းသား ဟယ်ရီစင်ဖို့ဒ်ဟာ အင်ဒီယာနာဂျုံးစ် ဇာတ်ကောင် အဓိကပါဝင်ထားတဲ့ ရုပ်ရှင်တွေနဲ့ ကျော်ကြားသူတစ်ဦးဖြစ်ပါ တယ်။ လတ်တလောမှာ သူဟာ အဆိုပါရုပ်ရှင်ရဲ့ ငါးကားမြောက်ရုပ်ရှင်သစ်မှာ ပါဝင်ရိုက်ကူးထားပြီး ဒါဟာ အင်ဒီယာနာဂျုံးစ် ဇာတ်ကောင်ကို အဆုံးသတ်ပေးဖို့ဖြစ်ကြောင်း အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသား‌ဖော်ပြချက်တွေအရ သိရပါတယ်။

 

အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဟယ်ရီစင်ဖို့ဒ်ကသူ့အနေနဲ့ အင်ဒီယာနာဂျုံးစ်ဇာတ်ကောင်ရဲ့ အဆုံးသတ်ကို တွေ့မြင်လိုတာကြောင့် ရုပ်ရှင်သစ်မှာ ပါဝင်ရိုက်ကူးခြင်းဖြစ်ကြောင်း Empire မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

 

Indiana Jones 5 ဟာ ဒုတိယကမ္ဘာစစ်ပြီးနောက် ဆယ်စုနှစ်တွေကို နောက်ခံထားကာ ရိုက်ကူးထားတာဖြစ်ပြီး အဆိုပါရုပ်ရှင်ကို ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက်မှာ စတင်ရုံတင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 

အေးပြည့်