တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

 

ထားဝယ်  နိုဝင်ဘာ ၂၆

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး အမျိုးသမီးကော်မတီ အနေဖြင့်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကနေ ချမှတ်ထားသော မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန် (၁၂)ရပ်နှင့်အညီ အမျိုးသမီးများ အခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃- ၂၀၂၂)ကိုလည်း ကျား၊ မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံ စောင့်ရှောက်ပေးနိုင်ရေး အတွက်ထားဝယ် မြို့တွင် One Stop Women  Support Ceter (OSWSC) တစ်ခုကို ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် အကြမ်းဖက်မှုပပျောက် ရေး အသိပညာပေး ဗီဒီယိုကိုလည်းကောင်း၊ ထားဝယ်မြို့မူလတန်းကြိုကျောင်းမှ ဝန်ထမ်းများက "မင်္ဂလာပါသီချင်း"နှင့် သရက်ချောင်းမြို့မူလတန်းကြိုကျောင်း ဝန်ထမ်းများက "ရဟယ်ရှင်သီချင်း" တို့ဖြင့် ဖျော်ဖြေတင်ဆက်နေမှုကိုလည်းကောင်း အခမ်းအနား တက်ရောက်လာသူများက ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)