အိန္ဒိယ - မြန်မာ ကုန်သည်များအသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေး ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေး ပေါင်းစပ်ညှိနှိုင်းပေး

နေပြည်တော် နိုဝင်ဘာ  ၂၇

အိန္ဒိယ - မြန်မာ ကုန်သည်များအသင်း  အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ India Centre ၌ ကျင်းပသည်။

ယင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အိန္ဒိယသံအမတ်ကြီးတို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားကြပြီး မြန်မာ - အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကိစ္စ များ၊ အိန္ဒိယနိုင်ငံ ဈေးကွက်သို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးကိစ္စများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်