တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးစက်အပိုပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၇

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် နိုဝင်ဘာ ၂၄ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်၊ ကံလှကျေးရွာ၊ နတ်မောက်လမ်းနှင့် သင်ကြားရေးလမ်းဆုံအနီး၌ လိုင်စင်မဲ့ TOYOTA ALPHARD အမျိုးအစားမော်တော်ယာဉ်(၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀ ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့၊ ထောက်ရှာပင်-ထန်းကိုင်း- မန်းရေနံမြေ ဟေလာတောင်နယ်မြေ အတွင်း၌ တရားမဝင် ရေနံစိမ်း(၁၀)ဂါလန် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀ ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၃၀,၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နိုဝင်ဘာ ၂၄ ရက်တွင် တာဝန်ကျ အကောက်ခွန်အဖွဲ့က သတင်းအရ ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်း၊ ရွှေသံလွင်တိုးဂိတ်၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ ဖြစ်သော Lactasoy Soy Milk ၊ Royal-D (Electrolyte Beverage)၊ Nestle Milo ၊ ထိုင်းနိုင်ငံထုတ် စားသုံးဆီများ၊  ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်များ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၇၆၄,၀၀၀ နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော NISSAN အမျိုးအစား မော်တော်ယာဉ်(၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀ ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ တရားမဝင် ကျွန်းပါကေး(အကြမ်းတုံး)များ၊ ကျွန်းသစ်ခွဲသားနှင့် ပျဉ်းကတိုးသစ်ခွဲသားများ (၁ ဒသမ ၅၀၇၆)တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၂,၆၄၂ ကို သစ်တောဥပ ဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၅၆၆,၆၄၂ ကို ဖမ်းဆီးအရေးယူ ဆောင် ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၄ ရက်တွင် (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်တင်ပို့ခွင့် အထောက် အထား တင်ပြနိုင်ခြင်းမရှိသော နှမ်းနက်(၈၉၀၀)ကီလိုဂရမ် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၈၀၀,၀၀၀ ၊ အဆိုပါ ကုန်စည်များ တင်ဆောင်လာသော DONG FENG Tractor Head အမျိုးအစားမော် တော် ယာဉ်(၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀ ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရုတ်နိုင်ငံထုတ် အနွေးထည် အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ အထည် (၃၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၂၅၀,၀၀၀)၊ အဆိုပါ အဝတ်အထည်များတင်ဆောင်လာသော မော်တော်ယာဉ်(၁)စီးနှင့် နောက်တွဲ ယာဉ် (၁)တွဲ  ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀,၀၀၀,၀၀၀ ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅,၀၅၀,၀၀၀ ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် နိုဝင်ဘာ ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော လုပ်ငန်းသုံး စက် အပိုပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၃၆၁,၂၃၉ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍   နိုဝင်ဘာ  ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၇၀,၀၀၇,၈၈၁ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ မှ သိရသည်။ 

သတင်းစဉ်