ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း 

နေပြည်တော် နိုဝင်ဘာ ၂၈ 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက်နှင့် ဥတ္တရသီရိမြို့နယ်ရှိ အေးမြသာယာ ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာ ပညာရေးစင်တာ(IBEC) ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ မဟာဓမ္မိကာရုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဘီးလင်းတိုက်သစ်ပရိယတ္တိစာသင်တိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်ရာဇာပရိယတ္တိစာသင်တိုက်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ ဥက္ကံသာရာမရွှေကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ တိပိဋကာ လင်္ကာရ ပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ မဟာဂန္ဓဝင်အုန်းတောကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ သာသန ဝိပုလာရာမကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ မြင်းဝန်မင်းကြီးကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဇောတိကာရာမပရိယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ မန်အိုင်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော် များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်