ဒီဇင်ဘာ အားကစားလ Fitness Dance လှုပ်ရှားမှုတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ပါဝင်ဆင်နွဲ

မော်လမြိုင် ဒီဇင်ဘာ ၃

ပြည်သူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်မှုရှိမှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုနိုင်စေမည့် ရည်ရွယ်ချက်ဖြင့် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက (Myanmar Fitness Dance) စုပေါင်းကိုယ်လက် လှုပ်ရှားမှုကို မော်လမြိုင်၊ ကမ်းနားလမ်းတွင် ကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ၊ ဒေသခံ အားကစား ဝါသနာရှင်များ စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆက်လက်၍ မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်းတစ်လျှောက် ဌာနဆိုင်ရာများ၊ ပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)