ဆီနီဂေါနိုင်ငံမြောက်ပိုင်း၌ ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်တိုက်မိ 

 

ဒါကာ၊ ဇန်နဝါရီ ၁၇

 

ဆီနီဂေါနိုင်ငံ မြောက်ပိုင်း၌ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ဘတ်စ်ကားတစ်စီးနှင့် ကုန်တင်ယာဉ် တစ်စီး တိုက်မိရာ ၁၉ ဦး သေဆုံး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း ပြည်တွင်းမီဒီယာများက ထုတ်ပြန်သည်။

 

လော်ဂါဒေသရှိ ဆာကယ်အနီးတွင်ဖြစ်ပွားသည့် အဆိုပါယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ဆီနီဂေါ နိုင်ငံအလယ်ပိုင်း ကက်ဖ်ရင်းဒေသ၌ ဇန်နဝါရီ ၈ ရက်ကလည်း ဘတ်စ်ကားနှစ်စီး တိုက်မှုဖြစ်ပွားခဲ့ရာ ၄၂ ဦး သေဆုံးခဲ့သည်။

 

ဆင်ဟွာ