ဂျပန်နိုင်ငံ၌ ကုန်တင်သင်္ဘောတစ်စင်းတိမ်းမှောက်နစ်မြုပ်

ဇန်နဝါရီ ၂၅

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း နာဂါဆာကီစီရင်စုတွင် ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ ယမန်နေ့နှောင်းပိုင်းက ထိုသင်္ဘောမှအကြောင်းကြားချက်ကို လက်ခံရရှိခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့ကဆိုသည်။

ဂျင်တန်အမည်ရှိ ကုန်တင်သင်္ဘောတွင် ၂၂ ဦး လိုက်ပါပြီး ကုန်ပစ္စည်း တန်ချိန် ၆၆၅၁ တန်တင်ဆောင်လာကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသင်္ဘောပေါ်ပါလူများအနက် သင်္ဘောသားလေးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။

 ထိုသင်္ဘောနစ်မြုပ်မှုမဖြစ်ပွားမီ သင်္ဘောသားအချို့သည် အသက်ကယ်လှေများအသုံးပြုခဲ့ကြောင်း ယင်းအဖြစ်အပျက်ကို မြင်တွေ့ခဲ့သော အခြားသင်္ဘော၏ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို