အာဖဂန်နစ္စတန်နိုင်ငံ၌ မြေပြိုမှုဖြစ်ပွားသဖြင့် သတ္တုတွင်းလုပ်သားတစ်ဦးသေဆုံး

ဇန်နဝါရီ ၂၅

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘာဒက်ခ်ရှန်ပြည်နယ်တွင် ယမန်နေ့က မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် သတ္တုတွင်းလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ပြည်နယ်ညွှန်ကြားရေးမှူး ကာရီမက်ဇူဒင်အာမက်က ယနေ့တွင် ပြောကြားသည်။

အဆိုပါမြေပြိုမှုသည် ဇန်နဝါရီ  ၂၃ ရက် မွန်းလွဲပိုင်းက တွင်းလုပ်သားအချို့ အလုပ်များနေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ထိုတာဝန်ရှိသူက သတင်းထောက်များကို ပြောကြားသည်။

ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ်အတွင်း ထိုခရိုင်တွင် အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ရာ ယခုဖြစ်ရပ်သည် ဒုတိယအကြိမ်ဖြစ်သည်ဟု ဖော်ပြထားသည်။

 ဇန်နဝါရီ ၆ ရက်က ပထမဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြိုကျအပျက်အစီးအောက်တွင် ရွှေတွင်းလုပ်သားသုံးဦး ပိတ်မိခဲ့သော်လည်း သုံးရက်အကြာတွင် ၎င်းတို့ကိုကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို