ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်   ဇန်နဝါရီ   ၂၅

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးက e-Government စနစ်အကောင်အထည်ဖော်ရာတွင် နည်းပညာပိုင်းဆိုင်ရာ သိရှိနားလည် သည့် ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်ကြောင်း၊ လုပ်ငန်းကဏ္ဍအသီးသီးတွင် ကျွမ်းကျင်ဝန်ထမ်း (Skill Labor) ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ၎င်းစိန်ခေါ်မှု ကို ကျော်ဖြတ်နိုင်ရန်အတွက် ပြင်ပကျွမ်းကျင်ပညာရှင်များ၏ အကူအညီ ရယူခြင်းမျိုး အပြင် လုပ်ငန်းခွင်၌ အမှန်တကယ် ဆောင်ရွက်ကြရမည့် မိမိတို့ဝန်ထမ်းများ၏  ကျွမ်းကျင်မှု (Skill)ကိုလည်း တိုးတက်လာအောင် အားပေးသွားရန်လိုကြောင်း၊ ယခုသင်တန်းမှ  လေ့ကျင့်သင်ကြား ပေးလိုက်သည့်  ကွန်ပျူတာသင်ခန်းစာများကို နေ့စဉ်လုပ်ငန်းခွင်များ၌ အကျိုးရှိရှိ အသုံးချ ပြီး ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို စဉ်ဆက်မပြတ် ကြိုးစားလေ့လာ သင်ယူသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး သင်တန်းဆင်းအောင်လက်မှတ်များနှင့် ပထမ၊ ဒုတိယဆု၊ တတိယဆုများကို  ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါသင်တန်းကို  ရက်သတ္တပတ် ၄ ပတ်ကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသူ သင်တန်းသား ၂၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)