မဟာဝေယံဘုံသာ ဗားကရာကျောင်းတိုက်ကြီးအတွင်း စုပေါင်းသန့်ရှင်းဆောင်ရွက်

အမရပူရ ဇန်နဝါရီ ၂၇

အမရပူရမြို့၊ မှန်တန်းရပ်ရှိ ရှေးဟောင်းသမိုင်းဝင် မဟာဝေယံဘုံသာ ဗားကရာကျောင်းတိုက်ကြီးအတွင်းရှိ သာသနိက အဆောက်အဦးများ၊ စေတီများ သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

ဗားကရာကျောင်းတော်ကြီးအတွင်း သန့်ရှင်းရေးဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်းက ကျောင်းတော်ကြီးသည် ရှေးဟောင်းသမိုင်းဝင် တစ်ခုဖြစ်သည့်အပြင် မြို့လယ်၌တည်ရှိပြီး ခရီးသွားပြည်သူများ အလွယ်တကူ ဝင်ရောက်နိုင်သည့်နေရာဖြစ်သည့်အတွက် မြင်ရသူများ စိတ်ချမ်းသာမှု ရှိစေရန် ယခုကဲ့သို့ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တပ်နယ်မှူး ဗိုလ်မှူးကြီး သိန်းဝင်း ဦးဆောင်သော ဒေသခံတပ်မတော်သားများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်း၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးကျော်တေဇနှင့် ဝန်ထမ်းများ၊ ရဲမေများနှင့် စည်ပင်သာယာဝန်ထမ်းများ စုစုပေါင်း အင်အား ၁၃၆ ဦးဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)