ဂျပန်နိုင်ငံအလယ်ပိုင်း၌နှင်းထုပြိုကျ၊ နိုင်ငံခြားသားနှစ်ဦးအားရှာဖွေကယ်ဆယ်

ဇန်နဝါရီ ၃၀

ဂျပန်နိုင်ငံအလယ်ပိုင်း နာဂါနိုစီရင်စုတွင် နှင်းထုပြိုကျရာနေရာ၌ နိုင်ငံခြားသားနှစ်ဦး မေ့မြောနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က ယနေ့မနက်ပိုင်းတွင် ၎င်းတို့ကိုရှာဖွေရန် လုပ်ဆောင်နေသည်ဟု သိရသည်။

ဉတာရီကျေးရွာရှိ တီဆုဂိတ်တောင်အပန်းဖြေစခန်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ပုံမှန်နှင်းလျှောစီးသင်တန်းများ၌ နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က ထိုနှင်းထုပြိုကျရာနေရာမှ နိုင်ငံခြားသားတစ်ဦး၏ဖုန်းဆက်သွယ်မှုတစ်ခုကို ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါနှင်းပြိုမှုဖြစ်ပွားသောနေရာသည် ဟာကူဘာ-နိုရီကူရာတောင်ပေါ်၊ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၁၀၀ ခန့်၊ တန်ဂူဟာရာဒေသ၏ဆင်ခြေလျှောတွင်ရှိသည်။

နှင်းထုပြိုကျမှုဖြစ်ပွားချိန်က ယင်းနေရာ၌ အနည်းဆုံးအုပ်စုသုံးစုရှိကြောင်း၊ ၎င်းအုပ်စုများတွင် နိုင်ငံခြားသား အများအပြားပါရှိကြောင်း ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများက ပြောကြားသည်။

ထိုအုပ်စုများမှလူအများစုသည် တောင်ပေါ်မှဆင်းလာနိုင်ပြီး ၎င်းတို့အနက် တစ်ဦးသည် ပခုံးနာကျင်မှုရှိသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု  သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို