အခြေခံပညာ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၃

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အခြေခံပညာမူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အခြေခံပညာဦးစီး ဌာန ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်)ရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျာ်မိုးထွန်း၊ ပညာ‌ရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်)မှ ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်ကြီးများ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဌာနမှူးများ၊ လက်ထောက်ကထိကများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျာ်မိုးထွန်းက အမှာစကား‌ပြောကြားပြီး တာဝန်ရှိသူများက  ပထမဆုရရှိသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဝမ်မိုင်-၁ အခြေခံ ပညာမူလတန်းကျောင်းမှ ကသအမှတ်-၈၇ ဦးဇော်လင်းအောင်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသ ကြီး  လှည်းကူးမြို့နယ် ခမရ-၂၁၃  အခြေခံပညာမူလတန်းကျောင်းမှ ကသအမှတ်-၂၅၁ ဒေါ်တင်ဇာ နွယ်၊ တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး ကွန်းခြံကုန်းမြို့နယ် ဝါးတောအခြေခံ ပညာမူလ တန်းကျောင်းမှ ကသအမှတ်-၂၄၀ ဒေါ်ကေသီရဲထွဋ်၊ ဖူဆယ်ပြိုင်ပွဲထူးချွန်ဆု၊ ကာယလေ့ကျင့်ခန်း အတွဲအမှတ်(၄) အမျိုးသမီးပြိုင်ပွဲထူးချွန်ဆု၊ ပိုက်ကျော်ခြင်းထူးချွန်ဆုနှင့် ဘော်လီဘောထူးချွန်ဆု ရရှိကြသူများကို  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်း သူတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။

အဆိုပါသင်တန်းကို ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ ၂၆ ရက်ကြာ ဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အခြေခံပညာမူလတန်းကျောင်းအုပ်ကြီး ၂၉၈ ဦး တက်‌ရောက်ခဲ့ ကြောင်းနှင့် သင်တန်းတွင် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရသည့် အရာရှိများ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ ဘဏ္ဍာ ရေးဆိုင်ရာ ကိစ္စရပ်များကို တတ်ကျွမ်းနားလည်စွာ ဆောင်ရွက်တတ်စေရန်နှင့် သင်ကြားသင်ယူမှု ဆိုင်ရာလုပ်ငန်းများ၊ မူဝါဒ၊ စီမံကိန်း ဆိုင်ရာလုပ်ငန်းများ၊ ကွန်ပျူတာနှင့် ICT လုပ်ငန်းများ ပိုမို တတ်ကျွမ်း နားလည်လာစေရန် အတွက် ပို့ချခဲ့ကြောင်း သိရသည်။

သတင်းစဉ်