နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ မြန်မာ့ရိုးရာ ထမနဲထိုးပွဲနှင့် ဝန်ထမ်းမိသားစုများ ပျော်ပွဲရွှင်ပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ  ၃   

နေပြည်တော် စည်ပင်သာယာရေးကော်မတီရှိ ဌာနများမှ ဝန်ထမ်းမိသားစုများ၏ မြန်မာ့ ရိုးရာထမနဲထိုးပွဲကို ယနေ့ မွန်းလွဲပိုင်းက စည်ပင်အိမ်ရာဝင်းအတွင်းရှိ ဗဟိုပစ္စည်းထိန်းဌာန၌ ကျင်းပသည်။

ထမနဲထိုးပွဲသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဌာနကြီးမှူးများနှင့် ဌာနမှူးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုံညီစွာတက်ရောက်ကြပြီး ထမနဲထိုးပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်