ဂျကာတာ၊ ဖေဖော်ဝါရီ ၂၁
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ဘလစ်တာမြို့ရှိ ရွာတစ်ရွာ၌ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ကြီးမားသည့်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လေးဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသူအားလုံးသည် မိသားစုတစ်စုတည်းမှဖြစ်ပြီး ဖခင်တစ်ဦး၊ ၎င်း၏ကလေးနှစ်ဦးနှင့် တူဖြစ်သူတို့ဖြစ်ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ရွာသား ၁၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး နေအိမ် ၂၀ ကျော် ပျက်စီးခဲ့ကြောင်း ဘလစ်တာမြို့ ရဲချုပ် အာဂို ဝီယိုနိုက ဒေသဆိုင်ရာ မီဒီယာများသို့ ပြောကြားသည်။ အစ္စလာမ်ဥပုသ်လ မတိုင်မီ မီးရှူးမီးပန်းများ ပြင်ဆင်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေသည်။
အဆိုပါနေရာကို စစ်ဆေးရန်အတွက် ရဲတပ်ဖွဲ့က မိုင်းရှာဖွေရေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေချိန်တွင် ဒေသခံများကို အဆိုပါနေရာနှင့် ဝေးဝေးနေရန် တောင်းဆိုထားသည်။
ဆင်ဟွာ