နာဆာ၏ စပေ့အိတ်စ် ခရူး-၅ မှ အာကာသယာဉ်မှူးများ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာ

 

လော့စ်အိန်ဂျလိစ်၊ မတ် ၁၃

 

စပေ့အိတ်စ်ဒရက်ဂွန် အာကာသယာဉ်ပေါ်ပါ နာဆာ၏ စပေ့အိတ်စ် ခရူး-၅ မှ အာကာသယာဉ်မှူးများသည် မတ် ၁၁ ရက်က အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါ ကမ်းလွန်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း နာဆာက ပြောသည်။

 

နာဆာအာကာသယာဉ်မှူးများဖြစ်သည့်  ဂျို့စ်ကက်စ်ဆာဒါနှင့်  နီကိုးမန်း၊ ဂျပန်အာကာသ စူးစမ်း လေ့လာရေးအေဂျင်စီ အာကာသယာဉ်မှူး ကိုချိ ဝါကာတာနှင့် ရုရှားအာကာသယာဉ်မှူး အန်နာ ကီနီကာတို့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ အာကာသယာဉ်မှူးအဖွဲ့ဝင် လေးဦးတို့သည် ဖလော်ရီဒါရှိ တန်ပါကမ်းလွန် မက္ကဆီကို ပင်လယ် ကွေ့သို့ အရှေ့ပိုင်းစံတော်ချိန် ည ၉ နာရီ ၀၂ မိနစ် တွင် လေထီးအကူအညီဖြင့် ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ အာကာသယာဉ်သည် မတ် ၁၁ ရက်က အရှေ့ပိုင်းစံတော်ချိန် နံနက် ၂ နာရီ မိနစ် ၂၀ တွင် နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ်အက်စ်) မှ ခွဲထွက်ကာ ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်လာ ခြင်းဖြစ်သည်။ အဆိုပါမစ်ရှင်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၅ ရက်က ဖလော်ရီဒါရှိ နာဆာ၏ ကနေဒီအာကာသစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်ကာ နောက်တစ်ရက်အကြာတွင် အိုင်အက်စ်အက်စ်နှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ