အမေရိကန်နိုင်ငံ၌ လေဆိပ်အနီးဟိုတယ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ နှစ်ဦးသေဆုံး

မတ် ၁၆

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်ရှိ ဟိုတယ်တစ်ခုတွင် ယမန်နေ့မနက် ၂ နာရီက ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ပေါ့သ်လန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး Embassy Suites ဟိုတယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပေါ့သ်လန် ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုပြောကြားသည်။ ရဲတပ်ဖွဲ့က သေဆုံးသူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ထပ်လောင်းပြောသည်။

ထိုပစ်ခတ်မှုသံသယရှိသူနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။

ဟိုတယ်တွင်လာရောက်တည်းခိုသူများ၏ပြောကြားချက်အရ သေနတ်ပစ်ခတ်သံ ဆယ်ချက်ကျော်ကျော်ကြားလိုက် ရကြောင်း၊ ကြမ်းပြင်ပေါ်တွင် သွေးများမြင်တွေ့ခဲ့ကြောင်းနှင့်၎င်းတို့အား ရဲတပ်ဖွဲ့ဝင်များစောင့်ကြပ်ကာ ဟိုတယ်၏အပြင်ဘက်သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို