ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မတ် ၁၈

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိ ရာယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ မြို့ဦးတိုက်သစ်သံလမ်းကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဃောသိတာ ရာမကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ တိပိဋကကမ္ဘောဇပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ ဓမ္မစေတီပရိယတ္တိစာသင်တိုက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မဟာဝိဇယာရာမကျောင်း တိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်ရာဇာပရိယတ္တိစာသင်တိုက်နှင့် သာကေတမြို့နယ်ရှိ ဓမ္မသုခဝိပဿနာကျောင်းတိုက်များသို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့နယ်ရှိ ပဇ္ဇောတာရုံကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ နန္ဒဝန်ဥယျာဉ် ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ မဟာမြိုင်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ သစ်ဆိမ့်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ သုစိတ္တာရုံကျောင်းတိုက်၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ အထက်မန်အိုင် ကျောင်းတိုက်များသို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်